ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၈-၉-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၃ဝဝဝိ/-)(၄ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း) (၁၀၀၀၀ိ/-)(၈၀၀၀ိ/-)၊ နှမ်းနီ(၂ဝဝဝိ/-)၊ နှမ်းညိုကြား (၅ဝဝိ/-) ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၅၀ မှ ၆၅၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၃၀ဝိ/-)၊ ကုလားပဲ  (HL)(၆ဝဝိ/-)၊ ပဲစဉ်းငုံ(သစ်)(၃၀၀ိ/-)၊ ပဲစဉ်းငုံ(ဟောင်း)(၈၀၀ိ/-)ကျပ်စီဈေးတက်ကာ  ပဲထောပတ် (၃ဝဝိ/-)၊ မတ်ပဲ(၂၀၀ဝိ/-)ကျပ်စီဈေးကျပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) (၁ဝဝိ/-)ကျပ်ဈေးကျကာ ကျန်မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက နှမ်းဆီ (၈ဝဝိ/-)ကျပ်ဈေးကျကာ စားအုန်းဆီ(၄ဝိ/-)ကျပ်ဈေးတက်ပြီး မြေပဲဆီဈေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာ(ကုန်းဇောင်း)(၂၅ဝဝိ/-)၊ ပေါ်ဆန်းမွှေး(ဖျာပုံ)(၅ဝဝဝိ/-)နှင့် ပေါ်ဆန်းမွှေး(ရွှေဘို) (၁ဝဝဝိ/-)ကျပ်စီ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။